Check out the Latest Articles:

ဒီနေ့မှ စတင် published လုပ်လိုက်တဲ့ ဘောလုံးဆိုဒ် အသစ်လေးကို ညွှန်းချင်ပါတယ်။

မြန်မာဘောလုံး website တွေတော်တော်များများရှိမယ်ထင်ပါတယ်။ သူတို့တွေမှာ မြန်မာ ဘောလုံးဂျာနယ်တွေကတင်ထားတဲ့ ဆိုဒ်တွေ၊ ဒါမှမဟုတ် ဘောလုံးကို စိတ်ဝင်စားတဲ့ လူတွေစုပေါင်းပြီးလုပ်ထားတဲ့ site တွေ၊ နောက် နာမည်ကြီး website တွေမှာ အားကစားဂဏ္ဍဆိုပြီး ပါတာမျိုးတွေ ဆိုပြီးရှိတာ တွေ့ရမှာပါ။

အခု မိတ်ဆက်ပေးမယ့် site ကတော့ soccermyanmar.com လို့ခေါ်ပါတယ်။ သူတို့က ဟာ ဘယ်ဘောလုံးဂျာနယ်ကိုမှ ကိုယ်စားမပြုပါဘူး၊ ဒါပေမယ့် ကိုယ်ပိုင် ဘောလုံးသတင်းထောက်ရှိပါတယ် (ပြည်တွင်း)၊ ကိုယ်ပိုင် သတင်း၊ ကိုယ်ပိုင် ဆောင်းပါးတွေ စလုပ်လာတာပါ။ ထုံးစံအတိုင်း match review, match preview, match highlight တွေအစုံပါပါတယ်။ match preview တွေ၊ review တွေကိုဖတ်ပြီး ကိုယ်တိုင်လဲ ၀င်ရောက် ဆွေးနွေးနိုင်ပါသေးတယ်။ မြန်မာဘောလုံးဂျာနယ်တွေရဲ့ အားနည်းချက်ဖြစ်တဲ့ အသင်းကြီးတွေကို မျက်နှာလိုက်ပြီး ရေးတာမျိုး၊ ဂျာနယ်ရဲ့ favorite အသင်းအကြောင်းသာ အများဆုံးဖတ်နေရတာမျိုး စတာတွေ မရှိဘူးလို့ မျှော်လင့်ရပါတယ်။ (really, I am sick of that)

ထူးခြားတာကတော့ မြန်မာ့ ဘောလုံးအကြောင်း ပြည့်ပြည့်စုံစုံ ပါနိုင်အောင် ကြိုးစားထားတာပါ။ များသောအားဖြင့် ကျနော်တို့ Myanmar League အကြောင်းကို မသိတာများပါတယ်။ ဘယ်အသင်းတွေဝင်ပြိုင်လို့ ဘယ်အသင်းတွေနိုင်ကြ၊ ရှုံးကြမှန်းလဲ မသိပါဘူး (စိတ်မ၀င်စားကြတာလဲ ဖြစ်နိုင်သလို၊ လွယ်လွယ်ကူကူ မသိနိုင်လို့လဲ ဖြစ်နိုင်ပါတယ်)။ ဘာပဲ ဖြစ်ဖြစ် မြန်မာ့ ဘောလုံးလောကကို ကောင်းသည် ဆိုးသည် ညံ့သည် အဆင့်မရှိ ဘာညာ ဘာညာတွေ အသာထား၊ ကျနော်တို့ တက်နိုင်တဲ့ ဖက်က အားပေးလိုက်ကြရအောင်လား။ တစ်ဖြည်းဖြည်းနဲ့ လူစိတ်ဝင်စားလာပြီး Myanmar League အောင်မြင်လာနိုင်တယ်လို့ပဲ မျှော်မှန်းကြတာပေါ့။ :D

But, anyway ပါ။ နိုင်ငံတကာနဲ့ မြန်မာ့ ဘောလုံးအကြောင်းကို မြန်မာလိုဖတ်မှ အားရကြမယ့် ကိုရွှေမြန်မာများအတွက် ယခုsoccermyanmar.com ဟာဖြင့် တစ်ဖက်တလမ်းက ဖြည့်စီးပေးနိုင်မယ်လို့ မျှောင်လင့်ပါကြောင်းနဲ့ နိဂုဏ်းချူပ်လိုက်ရပါသည် … ဒန့်တန်တန် … ။

please check that out ကြပါကုန် …

P.S
ဒီ website ကိုလုပ်ပေးတဲ့ IdealTechnology.asia ဟာ မြန်မာ Liverpool တွေအတွက် LFC4Myanmar.com ကိုလဲ လုပ်ပေးထားတာဖြစ်ပါတယ်။


Welcome to WordPress. This is your first post. Edit or delete it, then start blogging!